ကြိုက်နှစ်သက်တာလေးတွေကိုကူးယူပြီးရင် တော့ ရေးသူနာမည်လေးထည့် ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

Wednesday 21 March 2012

ပဋ္ဌာန်းအဓိပ္ပါယ်

ပဋ္ဌာန်းအဓိပ္ပါယ်

၁။ ။ဟေတုပစ္စယော- ဟိတ် (၆)ပါး ဖြစ်၍ ပစ္စယုပ္ပန် တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရား။
(ဥပမာ)- ပညောင်ပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခန့်စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ( လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ,) ဟိတ်(၆)-ပါးသည် ယှဉ်ဘက် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခန့်အောင် အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။
(ကျေးဇူးပြုသည်ဆိုရာ၌-မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးသည်ကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်း တို့ပင်တည်း။)
(ဆောင်ပုဒ်)- ဖြစ်စေ တည်စေ တိုးပွားစေ ခေါ်လေကျေးဇူးပြု။ ။


ကင်ဆာကို ကာကွယ်နိုင်ေ​သာ အစားအစာများ

နေ့စဉ်နှင့်အမျှ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ကျန်းမာရေးအတွက် ပိုမိုစားသုံးကြရန် ဆရာဝန်များ၏ အကြံပေးခြင်းကိုခံနေရ၏။ အချို့အစားအသောက်များမှာ အမှန်တကယ်ပင် ကင်ဆာ ရောဂါအား ကာကွယ်တိုက်ဖျက်ရာ၌အကူအညီပေးနိုင်ပေရာ အစားအသောက် သုတေသီ မန်ဒါအာဆဲလ်၏ ခန္ဓာကိုယ်အတွက်အရေးပါလှသော အစားအသောက်(၁၀)မျိုးကိုဖော်ပြလိုက်ရပေသည်။