ကြိုက်နှစ်သက်တာလေးတွေကိုကူးယူပြီးရင် တော့ ရေးသူနာမည်လေးထည့် ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

Wednesday 21 March 2012

ကင်ဆာကို ကာကွယ်နိုင်ေ​သာ အစားအစာများ

နေ့စဉ်နှင့်အမျှ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ကျန်းမာရေးအတွက် ပိုမိုစားသုံးကြရန် ဆရာဝန်များ၏ အကြံပေးခြင်းကိုခံနေရ၏။ အချို့အစားအသောက်များမှာ အမှန်တကယ်ပင် ကင်ဆာ ရောဂါအား ကာကွယ်တိုက်ဖျက်ရာ၌အကူအညီပေးနိုင်ပေရာ အစားအသောက် သုတေသီ မန်ဒါအာဆဲလ်၏ ခန္ဓာကိုယ်အတွက်အရေးပါလှသော အစားအသောက်(၁၀)မျိုးကိုဖော်ပြလိုက်ရပေသည်။

















ဗိုက်တာမင်စီဓါတ်ပါသောသစ်သီးဝလံများ




               လိမ္မော်သီးနှင့်ဂရိတ်ဖရုအသီးများမှာ ခန္ဓာကိုယ်အတွက်လိုအပ်သော ကိုမာရင်းCoumarins ဓာတ် အဓိကပါဝင်သောသစ်သီးနှစ်မျိုးဖြစ်၏။ဓာတ်ခွဲခန်းမှစမ်းသပ်မူများအရယင်းကိုမာရင်းဓာတ်မှာရင်သား တစ် သျှူး များ အတွင်းမှ ကင်ဆာဆဲလ်များ၏တိုးပွားလာမူကိုပိတ်ဆို့ တားဆီးနိုင်ကြောင်း သိပံ္ပပညာရှင်များ ဆက်စပ်၍သက်သေပြနိုင်ခဲ့ကြပေသည်။သို့သော် ယနေ့ကျွန်ုပ်တို့ စားသောက်နေကြသောလိမ္မော်သီးများ အတွင်း၌ ကိုမာရင်းဓာတ်က ခန္ဓာကိုယ်အတွင်း၌လည်း အလားတူအကျိုးသက်ရောက်မူ၇ှိ မရှိကို တိတိကျကျ မသိရှိကြသေးချေ။သို့သော်ယင်းသစ်သီးများကိုပိုမို၍စားသုံးသင့်သည်မှာတော့အမှန်ပင်ဖြစ်၏။အဘယ်ကြောင့် ဆိုသော်ကင်ဆာရောဂါဖြစ်ပွားနှုန်းကိုနည်းပါးစေသောဗိုက်တာမင်စီဓာတ်ကလည်းယင်းသစ်သီးများ အတွင်း ၌ ပါ ဝင်နေသောကြောင့်ဖြစ်၏။

              ကင်ဆာရောဂါဖြစ်ပွားမူဖြစ်စဉ်တွငိ အဆိပ်သဖွယ် အရေးပါလှသောအင်ဇိုင်းများ၏ ဆိုးဝါးသော သတ္တိများကိုကိုမာရင်း(Coumarins)ကပျက်ပြယ်စေကာရင်းသားကင်ဆာဖြစ်ပွားမူမှအကာအကွယ်ပေးကောင်း ပေးနိုင်သည်ဟုယူဆသော်ရ၏။ထို့အပြင်ယင်းကိုမာရင်းဓာတ်အားဆန်၊ဂျုံ၊ပြောင်းစသည့်ကောက်ပဲသီးနှံများ ၊ကြာညို့၊ဂေါ်ဖီထုပ်၊သခွားသီးနှင့် ဖရဲသီးများ၌လည်း တွေ့ရှိနိုင်၏။

ဘရိုကိုလီ(သို့)ဂေါ်ဖီပန်းအစိမ်းရင့်ရောင်


      အစားအသောက်နှင့်ပတ်သက်၍ အမေရိကန် အမျိုးသားကင်ဆာဌာနကြီးမှဘရိုကိုလီအား နံပါတ်တစ် ကင်ဆာရောဂါကာကွယ်နိုင်သောအစားအစာအဖြစ်သတ်မှတ်ခဲ့ကြ၏။ဘရိုကိုလီ၏အရသာမှာအနည်းငယ်ခါး သက်သက်ဖြစ်သော်လည်းပါဝင်သောဆာလ်ဖာဓာတ်ကမွှေးကြိုင်သောရနံ့ကို ဖြစ်ပေါ်စေကာကင်ဆာ ရောဂါဖြစ်ပွားမူကို အဓိက ကာကွယ်ပေးသော အပိုင်းဖြစ်သည်။

    ဓာတ်ခွဲခန်းအတွင်း၌ ရင်သားကင်ဆာဆဲလ်များအတွင်းသို့ယင်းဟင်းသီးဟင်းရွက် ဘရိုကိုလီမှ သဘာဝဓာတု ပစ္စည်းများကိုရောစွက်ထည့်သွင်းစမ်းသပ်ကြည့်ရာ ကင်ဆာဆဲလ်များ၏ အရေအတွက် တိုးပွားလာမူကို ရပ်တန့်စေနိုင်ကြောင်း သိပံ္ပပညာရှင်များက စမ်းသပ်တွေ့ရှိခဲ့ကြ၏။
         ဘရိုကိုလီတွင် ဖော်ပြပါသတ္တိထူးများပါဝင်ရုံမကဘဲဗီတာမင်စီနှင့်အီးတို့ ကဲ့သို့သော ဓာတ်တိုးခြင်းကို အကာအကွယ်ပေးသောantioxidantသတ္တိများပါဝင်နေပြန်၏။ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေသော
ဖရီးရက်ဒီကယ်များ၏ တိုးပွားလာမူကို ရပ်တန့်စေ၏။ယင်းဖရီးရက်ဒီကယ်လ်များမှာ လေထုညစ်ညမ်းမူနှင့် နေရောင်ခြည်အားအလွန်အမင်းခံယူမူကြောင့်ခန္ဓာကိုယ်အတွင်း၌ဖြစ်ပွားလာပြီး ကင်ဆာရောဂါဖြစ်စေသော အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်၏။


ကန်စွန်းဥ

  မီးဖုတ်၍ဖြစ်စေ၊ ရေထဲတွင်ပြုတ်၍ဖြစ်စေ၊အာလူးကြော်ကဲ့သို့အပိုင်းအစလေးများအနေနှင့်ဖြစ်စေ သုံးနိုင်၏။ မည်ကဲ့သို့စားစားကန်စွန်းဥမှ ကင်ဆာရောဂါအား တိုက်ဖျက်နိုင်သောဓာတ်သတ္တိသုံးမျိုးကိုရရှိနိုင် ၏။ ယင်းသုံးခုစလုံးကို antioxidants ဗိုက်တာမင်များဟုခေါ်၏။ဘီတာကာရိုတင်း၊ဗိုက်တာမင်စီနှင့်အီးများကို အတူတကွ တစ်ခါတည်းစားပါကပိုမို၍အာနိသင် အကျိုးရှိနိုင်ပြီးရင်သားကင်ဆာ တစ်သျှူးများကကင်ဆာ ရောဂါ အား ခံနိုင်ရည်ကို ပိုမိုတိုးတက်စေပါသည်။

ပဲအမျိုးမျိုး

     ကုလားပဲ အပါအဝင် ပဲအမျိုးမျိုး၌ လစ်နင်Lignamsဟူသောအရာတစ်မျိုးပါဝင်သည်အမျိုးသမီးများ၌အီစ ထရိုဂျင်ဟော်မုန်းပမာဏလွန်စွာမြင့်မားလာပါကရင်သားကင်ဆာဖြစ်စေနိုင်သောယင်းလစ်ဂင်များကသူကိုယ်
တိုင်ကဓာတ်တိုးမူကိုလျော့နည်းစေနိုင်သောantioxidantသတ္တိရှိပြီးကင်ဆာဖြစ်စေနိုင်သောပြောငိးလဲမူ့ကိုဟန့်
တားနိုင်ပါသည်။

သံလွင်ဆီ

       အမေရိကနှင့်ဥရောပမြောက်ပိုင်းနိုင်းငံများထက်မြေထဲပင်လယ်နိုင်ငံများ၌ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း လျော့နည်းသည်ကိုလေ့လာတွေ့ရှိကြရသည်။ကမ္ဘာ့ကင်ဆာသုတေသန အသင်းကြီးက ယင်းသို့ဖြစ်ရသော
အကြောင်းအရင်းမှာမြေထဲပင်လယ်နိုင်ငံများ၌သံလွင်ဆီပိုမိုစားသုံးသောကြောင့်ဟုဆို၏။ ထိုသို့ဖြစ်ရသော အကြောင်းရင်းမှန်ကိုမည်သူမှတိတိကျကျမပြောနိုင်သော်ငြားလည်းသံလွင်ဆီကိုစားလိုက်သောအခါရင်သား ကင်ဆာဖြစ်ပွားနှုန်းနှင့်ဆက်စပ်နေသောပြည့်ဝဆီများအတွကနေရာမှာအစားအစာများထဲတွငိလျော့နည်း
သောကြောင့်ဖြစ်မည်ဟု ယူဆကြသည်။

ဟင်းသီးဟင်းရွက် အသုပ်များပေါ်၌ သံလွင်ဆီကိုဆမ်းစားရုံမျှဖြင့်ပြည့်ဝဆီများစွာ ပါဝင်သော မေယိုနေ့စ် Mayonnaiseကိုအစားထိုးသကဲ့သို့ဖြစ်သွားစေပါသည်။သံလွင်ဆီမှာကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သည် မှန်သော်လည်းအဆီမှန်သမျှမှာကလိုရီဓာတ်မြင့်မားသည်ချည်းဖြစ်၏။ထို့ကြောင့်ကလိုရီဓာတ်ကိုလိုအပ်သည် ထက်ပိုမိုစားသုံးပါကကိုယ်အလေးချိန်ကိုတိုးတက်လာပြီးယင်းအချက်ကလည်းအမျိုးသမီးများတွင်ရင်သားကင် ဆာကိုဖြစ်စေတတ်သည်ကိုသတိချပ်စေလိုပါသည်။ထို့ကြောင့်သံလွင်ဆီကိုလည်းမျှမျှတတစားရန်လိုပါသည်။

ပေါင်မုန့်ညို

     ပေါင်မုန့်ညို၊ဆန်လုံးညိုနှင့်နံနက်စာကွေကာအုပ်များကိုစားသုံးခြင်းဖြင့် အီစထရိုဂျင် ဟော်မုန်းပမာဏကို လျော့နည်းစေပြီးခန္ဓာကိုယ်အတွင်းမှအညစ်အကြေးများစွန့်ထုတ်မှုကိုလည်းလျင်မြန်စေနိုင်သည်ဟုယူဆကြ ပါသည်။ထိုကဲ့သို့ဖြစ်ရခြင်းဖြစ်စဉ်ကိုလေ့လာကြည့်ပါကထိုအမျှင်ပါသောအစားအစာများစားသုံးခြင်းကြောင့်
ခန္ဓာကိုယ်၏အစာလမ်းကြောင်းတွင်အီစထရိုဂျင်ဟော်မုန်းဓာတ်တည်ရှိနေသောအချိန် တိုတောင်းသွားစေပြီး ခန္ဓာကိုယ်ကယင်းဟော်မုန်းကိုပြန်လည်စုပ်ယူသောအချိန်လည်းတိုတောင်းသွားပေသည်။ဖော်ပြပါအစားအစာ များ တွင်ကင်ဆာရောဂါအားတိုက်ဖျက်သော ဗိုက်တာမင်နှင့်သတ္တုဓာတ်များပါဝင်နေပါသည်။ ထို့ကြောင့် အမျှင်များစွာပါသော အစားအစာများကိုစားသင့်လှပေသည်။

စတော်ဘယ်ရီ

     စပျစ်သီးနှင့်ပန်းသီးတို့ပြီးလျှင် ကင်ဆာရောဂါဖြစ်နိုင်သောဓာတုပစ္စည်းများကို ဓာတ်ပြယ်စေနိုင်သော အီလာဂစ်အက်ဆစ်ကိုအများဆုံးတွေ့နိုင်သောအသီးမှာစတော်ဘယ်ရီနှင့်ရပ်စ်ဘယ်ရီအသီးတို့ပင်ဖြစ်သည်။ ယင်းအသီးမှဗိုက်တာမင်စီမှာခန္ဓာကိုယ်မှလွယ်ကူစွာစုပ်ယူနိုင်ပြီးဖရီးရက်ဒီကယ်များကိုလျော့နည်းစေပါသည်။

မုန်လာဥနီ

      မုန်လာဥနီကိုစားခြင်းဖြင့်အမှောင်ထဲတွင်ပိုမြင်နိုင်ပါသည်။အဘယ်ကြောင့်ဆိုသော်လိမ္မော်ရောင် ဘီတာကာရိုတင်းဓာတ်များစွာပါဝင်သောကြောင့်ဖြစ်ပါသည်။ဘီတာကာရိုတင်းဓာတ်မှာအထက်ပါသတ္တိအပြင် ကင်ဆာရောဂါကိုဖြစ်စေနိုင်သောဖရီးရက်ဒီကယ်လ်များ၏ဆိုးကျိုးသတ္တိများကိုပျက်ပြယ်စေနိုင်ပါသည်။ခန္ဓာ
ကိုယ်ကဘီတာကာရိုတင်းဓာတ်များကိုစုပ်ယူရာ၌အဆီဓာတ်အနည်းငယ်ရှိလျှင်ပိုကောင်း၏။ထိုကြောင့်မုန်လာ ဥနီများကိုချက်ပြုတ်ပြီးထမင်း၊ဟင်းနှင့်ဖြစ်စေ၊ဟင်းသီးဟင်းရွက်အသုပ်များ၌မုန်လာဥနီပါဝင်ပါကအနည်းငယ် ဆီဆမ်း၍ ဖြစ်စေ စားသုံးပါက ပိုမိုကောင်းမွန်ပါသည်။

ပဲပြား၊ပဲငံပြာရည်

       ပဲပြား၊ပဲပိစပ်၊ပဲပုပ်နှင့်ပဲငံပြာရည်များ၌အိုက်စိုဖလေဗွန်Isoflavonesဓာတ်ပါရှိပြီးကင်ဆာဆဲလ်  များရှိရာသို့သွေးများစီးဆင်းမှုကိုဖြတ်တောက်လျော့နည်းစေပြီးကင်ဆာဆဲလ်များကြီးထွားလာမှုကိုရပ် ဆိုင်း စေပါသည်။

(HEALTH CARE JOURNALမှတွေ့၇ှိမျှဝေပါတယ်)
မေးထဲကိုရောက်လာတဲ့ ကျန်းမာရေးဆောင်းပါးလေးပါ

No comments:

Post a Comment

အမှာတော်လေးများ ပါးခဲ့ကြပါဦးရှင် ..