ကြိုက်နှစ်သက်တာလေးတွေကိုကူးယူပြီးရင် တော့ ရေးသူနာမည်လေးထည့် ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

Tuesday 20 March 2012

သစ်ကြံပိုးခေါက်၏ အံ့အားသင့်စရာ ကောင်းသော ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ဖြည့်စွက်ချက် ။ ။ အင်္ဂလိပ်အခေါ် -CINNAMON  မြန်မာအခေါ် -သစ်ကြံပိုးခေါက်



သစ်ကြံပိုးခေါက်၏ အံ့အားသင့်စရာ ကောင်းသော ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
By Good Health Originally posted 20/03/2012 13:22PM
ဟင်းခတ်အမွှေးအကြိုင် အဖြစ် သုံးလေ့ရှိတဲ့ သစ်ကြံပိုးခေါက်မှုန့်ဟာ ဟင်းလျာတွေကို အရသာတိုးစေရုံ သာမက ကျန်းမာရေး အတွက်လည်း အောက်ပါ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။



(၁) လေ့လာမှုများစွာအရ သစ်ကြံပိုးခေါက် အမှုန့်ဟာ သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေတယ်လို့ သိရတာကြောင့် ဆီးချိုသွေးချို ရောဂါရှိသူတွေ သုံးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်ပဲ ဖြစ်ပါတယ်။ စွမ်းအင်အဆင့်ကို တည်ငြိမ်စေပြီး စိတ်ခံစားမှု ကောင်းစေတဲ့ အာနိသင်လည်း ရှိပါတယ်။

(၂) သစ်ကြံပိုးခေါက်ဟာ မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျော့ကျစေပါတယ်။ LDL လျော့ကျတာကြောင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျောနည်းစေပါတယ်။

(၃) သစ်ကြံပိုးခေါက်မှာ ပိုးကင်းစင်စေတဲ့ သဘာဝဒြပ်ပေါင်း ပါဝင်ပါတယ်။ လေ့လာမှုတွေအရ သစ်ကြံပိုးခေါက်ဟာ အစာအိမ်အနာ ဖြစ်စေတဲ့ H.pylori ပိုးကို တွန်းလှန်ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

(၄) အဆစ်ရောင်နာနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တဲ့ နာကျင်မှုကို လျော့ကျစေပါတယ်။  Kangnam Korean  ဆေးရုံရဲ့ လေ့လာမှုတွေအရ သစ်ကြံပိုးခေါက်ဟာ အဆစ်ရောင်နာနဲ့ ဆက်စပ်နေတဲ့ Cytokines ကို လျော့ကျစေတယ်လို့ သိရပါတယ်။

(၅) တက်ဆက်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သစ်ကြံပိုးခေါက် အမှုန့်ဟာ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားပြန့်ပွားနှုန်းကို လျော့ကျစေတာကြောင့် ကင်ဆာကို ကာကွယ်ပေးနိုင်သလို ကင်ဆာ ဝေဒနာရှင်တွေကိုလည်း ရောဂါ သက်သာစေတယ်လို့ သိရပါတယ်။

(၆) အစာကို ကြာရှည်ခံအောင် လုပ်ပေးနိုင်တဲ့ သဘာဝပစ္စည်းပါ။

(၇) သစ်ကြံပိုးခေါက်မှာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်တို့ ပါဝင်ပါတယ်။

(၈) ရာသီလာစဉ် နာကျင်ကိုက်ခဲ့မှု ဝေဒနာကို သက်သာစေတဲ့ အစွမ်း ရှိပါတယ်။

(၉) သစ်ကြံပိုးခေါက်မှာပါတဲ့ cinnamaldehyde ဟာ  အမျိုးသမီးတွေမှာ ပရိုဂျက်စတီရုန်းကို တိုးစေပြီး တက်စတိုစတီရုန်း ထုတ်လုပ်မှု လျော့ကျစေတာကြောင့် ဟော်မုန်းတွေကို ဟန်ချက်ညီစေကာ မျိုးမအောင်နိုင်တာကို လျော့ကျစေပါတယ်။

(၁၀) သစ်ကြံပိုးခေါက်ဟာ အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ၊ ဦးနှောက် အကျိတ်ဖြစ်တာ၊ ဦးနှောက်အမြှေးပါးရောင်တာ စတဲ့ နာ့ဗ်ကြော ထိခိုက်ပျက်စီးမှုကြောင့် ဖြစ်တဲ့ ရောဂါတွေကို သက်သာစေပါတယ်။ တက်ဆက်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သစ်ကြံပိုးခေါက်ဟာ နာ့ဗ်ကြောထိခိုက်မှု ဝေဒနာနဲ့ ဆက်စပ်နေတဲ့ နာတာရှည် ရောင်ရမ်းမှုကို လျော့ကျစေတယ်လို့ သိရပါတယ်။ 

သစ်ကြံပိုးခေါက်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးရှိရုံ သာမက ချိုမြတာကြောင့် ဟင်းလျာတွေကို အရသာ တိုးစေပါတယ်။  


ကြယ်စင်


အမှာစာ ။  ။ ကျန်းမာရေးအတွက် ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ် ။
ဖဘမှကူးယူဖော်ပြခြင်းဖြစ်ပြီး မူပိုင်မဟုတ်ပါ ။ 

No comments:

Post a Comment

အမှာတော်လေးများ ပါးခဲ့ကြပါဦးရှင် ..